မြေသားလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၀၅ ခုနှစ်မှ စတင်၍ (နေပြည်တော်) ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများတွင် ကုမ္ပဏီပိုင် ယာဉ်စက်ယန္တရားများဖြင့် လမ်းဖောက်လုပ်ခြင်း ၊ လမ်းမြေသား ဖို့ခြင်း၊ အ ဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်များ၌ မြေသားဖြတ်ခြင်း/ဖို့ခြင်း၊ လမ်း/အဆောက်အဦများတွင် လိုအပ်သော သဲ၊ ကျောက်မြေမာများအားသယ်ယူ၊ ပို့ဆောင်ပေးခြင်းစသည့် မြေသားနှင့်သက်ဆိုင်သော လုပ်ငန်းအထွေထွေအရပ်ရပ်တို့ကို ၊ တပ်မတော်ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်များ ၊ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်း အခြားဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ဆောင်ရွက်ခဲ့ကာ တာဝန် ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အရပ်ရပ်တို့တွင်လည်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၀၇ မှစတင် ၍ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဖောက်လုပ်လျှက်ရှိသော ကြံခင်း- ပခုက္ကူ ရထားလမ်းဖောက်လုပ်ရေးစီမံကိုန်း (သရက်-ပွင့်ဖြူလမ်းပိုင်းအတွင်း) ရထားမြေသားလမ်းဖောက်လုပ်ခြင်းနှင့် ရထားလမ်းတံတားများတည်ဆောက်ခြင်းလုပ်ငန်းများကို ၀န်ကြီးဌာနနှင့် လုပ်ငန်းသဘောတူ စာချုပ် ချုပ်ဆို၍ ကုမ္ပဏီ၏ ကျွမ်းကျင်ဝန်ထမ်း၊ ယာဉ်/ ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ |